Mobile Software and Hardware အကြောင်း အခြေခံ
===ယနေ့ ခေတ် မိုဘိုင်းဖုန်းနှင့် ကွန်ပြူတာ၊ လက်ပ်တော့ပ် များ မှာမရှိမဖြစ် ပေါင်းစပ်ပါဝင်ပြီး စက်ပစ္စည့်းတစ်ခုလုံးရဲ့ အလုပ်လုပ်ဆောင်ချက်တွေဖြစ်လာဖို့ အဓိကကျတဲ့ အစိတ်ပိုင်း ၂ ပိုင်းပဲ ရှိပါတယ်
===အဲ့ဒါကတော့ Software ပိုင်း နှင့် Hardware ပိုင်းပါ။
===============================================
၁.Software ဆိုတာဘာလဲ??
Software ပိုင်းလုပ်ဆောင်ချက်တွေကို လူအများ မြင်သာမြင်နေရပေမယ့် သတိမထားမိတတ်ကြပါဘူး။ သာမာန် End User( အသုံးပြုသူ ) တစ်ယောက်က မိုဘိုင်းဖုန်းတစ်လုံး ၀ယ်ယူမယ်ဆိုရင် အဓိက ထားမေးတတ်ကြတာ RAM( Random Access Memory ) ဘယ်လောက်များများပါသလဲ?? ROM( Read-Only Memory )၊တနည်း Internal Memory ဘယ်လောက်များသလဲ ဆိုတာလောက်ပဲ အမေးများပါတယ်။ ပြောရရင် ဒါတွေက Hardware အစိတ်ပိုင်းတွေပါ။ ဒီ Hardware ပိုင်းတွေကို ခိုင်းစေမောင်းနှင်ဖို့ လိုအပ်တဲ့ Software နဲ့ ပတ်သက်တာတွေကျတော့ အနည်းငယ်ပဲ မေးလေ့ရှိပါတယ်။ ဥပမာ- Android version ဘယ်လောက်လဲ ဆိုတာမျိုးပေါ့။ ဒါပေမယ့် တကယ်တမ်း Android Version ဘယ်လောက်က ဘယ်လို လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်လဲ ဆိုတာ တိတိကျကျတော့ မသိတာများပါတယ်။
အဲ့တော့ Software ဆိုတာကြီးက ဘာတွေနဲ့ ဖွဲ့ စည်းထားလဲ? ဘာလုပ်ပေးသလဲ? Software ဆိုတာကြီး မရှိရင် ကျွန်တော်တို့ လက်ထဲက ဖုန်းတွေ ကွန်ပြူတာတွေ ဘာတွေ ဖြစ်ကုန်မလဲ?
အောက်မှာ ဆက်ဖတ်ကြည့်ရအောင်.....
Software ပိုင်းရဲ့ အဓိက အလုပ်ကတော့ ခိုင်းစေခြင်း၊ မောင်းနှင်ခြင်းပါ။ ဘာတွေကို ခိုင်းစေမောင်းနှင်သလဲ ဆိုရင် Hardware အစိတ်အပိုင်းတွေကို ခိုင်းစေပါတယ်။ Software က ခိုင်းစေတဲ့ အခါ သူ့ အလိုအလျှောက်ခိုင်းစေတဲ့ စနစ်လဲ ရှိသလို အသုံးပြုသူက ခိုင်းစေမှသာ Software ကတဆင့် Hardware ကို ခိုင်းစေတာမျိုးလဲ ရှိပါတယ်။ ကျွန်တော်တို့ လက်ရှိ အသုံးပြုနေတဲ့ ပစ္စည်းတော်တော်များများကတော့ ဒုတိယအမျိုးစားပါ။
ကဲ ကျွန်တော်တို့ Software ကြီး ဘယ်လို အလုပ်လုပ်သလဲ ဆက်လေ့လာရအောင်...
ပထမဆုံး လူကြီးမင်းတို့ လက်ထဲကဖုန်းလေးနဲ့ ဖုန်းခေါ်ကြည့်ရအောင်.. ဖုန်းခေါ်မယ်ဆိုရင် ဖုန်းပုံလေးရှိတဲ့ Application လေးထဲဝင်ရမှာပေါ့နော်.. ကဲအဲ့ဒိမှာ စပါပြီ.. ဖုန်းခေါ်တဲ့ Application လေးဟာ Software အသေးစားလေးပါပဲ.. အဲ့ဒိ Application လေးက ဘယ် Hardware ပိုင်းကို အဓိကခိုင်းစေသလဲဆိုရင် ဖုန်းမှာပါတဲ့ Network ပိုင်း IC တွေ၊ နားစပီကာတွေ၊ Sensor တွေ စသဖြင့် ဖုန်းပြောတဲ့ အခါ လို အပ်တဲ့ အရာတိုင်းကို သူက ခိုင်းစေနိုင်ပါတယ်။ အဲ့လို ပါပဲ ကျွန်တော်တို့ ဖုန်းတစ်လုံးကို စတင်ပြီး Power နှိုးပြီဆိုတာနဲ့ Software ပိုင်းက Hardware ပိုင်းကို စတင်ခိုင်းစေတော့တာပါပဲ။ ဖုန်းရဲ့ Touch Screen ကြီးအလုပ်လုပ်ဖို့ ၊ ဖုန်းရဲ့ Mobile Data ပွင့်ဖို့ ၊ ဖုန်းရဲ့ Ear Speakers တွေ၊ ဖုန်းရဲ့ Body Speakers တွေ၊ သီချင်းဖွင့်ရင် အသံကြားရဖို့ ၊ ဖုန်းပြောရင် နှစ်ဖက်လုံး အသံတွေ ဖမ်းယူပို့ ဆောင်ပေးနိုင်ဖို့ ဖုန်းမှာပါတဲ့ အသံဖမ်းတဲ့ MIC(မိုက်ခ်)၊ နားစပီကာ၊ ဒါတွေကို Software က ကျွန်တော်တို့ ခိုင်းစေတဲ့ အတိုင်း လိုက်နာပြီး ထပ်ဆင့် ခိုင်းစေနိုင်ရပါမယ်။ အဲ့လို ခိုင်းစေနိုင်မှသာလျှင် ဖုန်းကောင်းကောင်းပြောလို့ ရပါမယ်။
ဥပမာပေးရရင်- ကျွန်တော်တို့ လူ့ ခန္ဓာကိုယ်ကြီးလို ပါပဲ။ အသက်ဝိဥာဉ် ရှိမှသာလျှင် ကျွန်တော်တို့ ဦးနှောက်က အလုပ်လုပ်ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကို ခိုင်းစေလို့ ရနိုင်သလို ပါပဲ။ မိုဘိုင်းစက်ပစ္စည်းတွေမှာ Software ပိုင်းက အသက်ဝိဥာဉ်ဖြစ်ပြီး Hardware ပိုင်းကတော့ ခန္ဓာကိုယ်ကြီးပါပဲ။ Software နဲ့ ချည်းပဲလည်း အသုံးပြုလို့မရသလို Hardware ပိုင်းချည်းပဲလဲ အသုံးပြုလို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် Software ပိုင်းမကောင်းတဲ့ (သို့ မဟုတ်) Software ကျနေတဲ့ စက်ပစ္စည်းတွေဟာ သတိလစ်နေတဲ့လူလိုပါပဲ။ ခန္ဓာကိုယ်ကြီး ကောင်းနေပေမယ့် အသက်ဝိဥာဉ်မရှိတော့ ဘာအလုပ်မှ မလုပ်နိုင်တော့ပါဘူး။
ကဲ..ဒါက လူကြီးမင်းတို့ အသုံးပြုနေတဲ့ ရင်းနီးနေတဲ့ မိုဘိုင်းစက်ပစ္စည်းတွေ မှာရှိတဲ့ Software ပိုင်းကြီးဘယ်လို အလုပ်လုပ်နေသလဲ ဆိုတာကို နားလည်ရလွယ်အောင်ရှင်းပြထားတာပါ။
နောက်ထပ် Post တွေမှာလဲ ဒိထက်ပို ရှင်းလင်းတဲ့ Software နဲ့ Hardware တွဲဖက်အလုပ်လုပ်ပုံတွေကို ဆက်ရှင်းပြသွားမှာပါ။ ဒီ Post လေးကြောင့် အသိလေးတစ်ခု ရသွားရင် ကျေနပ်ပါပြီ။
================================================
Mobile Phone Software Service အတွက် သင်တန်းလဲ ရှီပါတယ်။ ပြင်ဦးလွင်မြို့ နှင့် အနီးတ၀ိုက်က Service သမားများအတွက် လိုအပ်သော Firmware များ Download ဆွဲပေးပါသည်။ Dead Fix Firmware များ၊ Board Firmware များ၊ Samsung, Oppo, Vivo, Xiaomi, စသော Branded Android Phone များနှင့် Apple Products များဖြစ်သော iPhone, iPod Touch, iPad, စသော စက်ပစ္စည်းများအတွက်လဲ Firmware တင်ပေးခြင်း၊ Root ဖောက်ပေးခြင်း၊ Jailbreakပြုလုပ်ပေးခြင်း၊ Network Unlock လုပ်ပေးခြင်း၊ နှင့် အခြား Software Error များလည်းဖြေရှင်းပေးနေပါသည်။
#HtooMawMobileSoftwareServiceAndTraining
#PyinOoLwin
Contact - 0943044908

Comments

Popular posts from this blog