Huawei Honor 8A ( JAT-AL00 ) Dead Fix And Baseband IMEI NULL Fix FREE!!!
File Password - Go For Facebook Page
#Zawgyi
မဂၤလာပါခဗ်ာ။
**IMPORTANT**
စမယ်..
၎.ဖြည်ပြီးတဲ့ ဖိုင်တွေထဲက SPFlashTool ကို ဖွင့်ပါ။
#Unicode
မင်္ဂလာပါခဗျာ။
Huawei Honor 8A ( JAT-AL00 ) ( Jakarta-AL00 ) အတွက် FRP ဖြုတ်ရင်း Dead တာ၊ IMEI Null သွားတာ မျိုးတွေ အတွက် Fix ဖိုင်များနဲ့ နည်းလမ်းကို တင်ပေးလိုက်ပါတယ်။ တခြား MTK အမြင့်တွေလည်း ဒီနည်းလမ်းနဲ့ Fix လို့ရပါတယ်။
ဒီနည်းမှာ အဓိက Folder ၂ မျိုးပါပါတယ်။
1.BoardFirmware ထဲက Bootloaderimages ဖိုင်တွေပါ။ ( ဒီဖိုင်တွေ ကို SPflashTool က ရေးပေးခြင်းဖြင့် စက်ကို Bootloader Unlock လုပ်နိုင်ပါတယ်။ ဒီဖိုင်တွေက Board Firmware ထဲက Factory Bootloader partitions တွေ မို့ပါ။ )
2.Backup RAW images တွေနဲ့ Update.app ထဲက Extract လုပ်ထားတဲ့ Images တွေ ကို Fastboot Mode ကနေ တင်လို့ရတဲ့ ဖိုင်တွေ ပါပါတယ်။
**IMPORTANT**
FRP ဖြုတ်ဖို့လာတာပဲ ဖြစ်ဖြစ်၊ Firmware တင်ချင်တာပဲ ဖြစ်ဖြစ်၊ သတိထားရမှာ Dump / Backup အရင်ဦးဆုံးလုပ်ဖို့ပါပဲ။ ခုနောက်ပိုင်း ဖုန်းတိုင်း ကိုယ့်လက်ထဲ ရောက်တာနဲ့ Dump / Backup လုပ်ထားပေးပါ။ အသုံးမဝင်ဘူးဆို တာ မရှိပါဘူး။ အဓိက nvdata , nvcfg , oem စတဲ့ဖိုင်တွေပါ။
ဖိုင်ထဲမှာ လုပ်နည်း ကို အင်္ဂလိပ်လို မတောက် တခေါက် ရေးပေးထားပါတယ်။ ဒီမှာကတော့ အကျယ်တဝင့် ရေးပေးမှာ ဖြစ်ပါတယ်။ တစ်ဆင့်ချင်း သေချာ နားလည်မှ လုပ်စေချင်ပါတယ်။
ကိုယ်တိုင်လုပ်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်က ကိုယ့် အပေါ် မှာ မူတည်တဲ့ အတွက် (လုံးဝ၊ လုံးဝ) ကျွန်တော် တာဝန်မယူပါ။
စမယ်..
( Deadboot ဖြစ်နေတဲ့ အနေထားကို စပြောသွားမှာဖြစ်ပါတယ်။  တကယ်လို့ Format All မလုပ်ရသေးဘူး ဆိုရင် SPflashTool ရဲ့ option.ini မှာ ပြင်ပြီး partitions တွေ Backup / Dump လုပ်ပေးပါ။ SPFlashTool နဲ့ Partitions Backup လုပ်နည်း မသိရင် YouTube မှာ ရှာဖွေ လေ့လာပါ။ )
၁.Download JAT-AL00 Dead Fix and IMEI Fix - Download
၂.ဖိုင်ဖြည်ဖို့ Password ကို Facebook Page မှာ Post တင်ထားပါလိမ့်မယ် အဲ့မှာ ကြည့်ပါ။
၃.စက်ကို battery ခဏ ဖြုတ် ပြန်တပ်ထားပါ။
၄.ဖြည်ပြီးတဲ့ ဖိုင်တွေထဲက SPFlashTool ကို ဖွင့်ပါ။
၅.SPFlashTool > Scatter > BootloaderImages ထဲက Scatter ဖိုင်ကို ရွေးပါ။
၆.SPflashTool မှာ Format All + Download ရွေးထားပြီး Download / Flashing လုပ်ပါမယ်။ စက်ကို Test Point ထောက်ပြီး ကြီုးထိုးပေးပါ။ ဖိုင်ထဲမှာ Test Point ပုံပါ ပါပါတယ်။
*** ကျွန်တော်က Backup Files တွေ ယူပြီးသားဖြစ်ပြီး စက်ကို Bootloader Unlock အနေထား နဲ့ ဖြည်ချင်လို့ BootloaderImages တွေကို " Format All " နဲ့ ရိုက်တာ ဖြစ်ပါတယ်။ " Format All " သုံးတာဖြစ်တဲ့အတွက် စက်ရဲ့ Bootloader ကအစ အကုန် ပျက်ပါမယ်။ ဆားဗစ်သမားဆို ကိုယ် ဘာလုပ်နေတယ်ဆို တာကိုတော့ သေချာ သတိထားစေချင်ပါတယ်။ ***
၇.BootloaderImages တွေ Flashing ပြီးသွားရင်၊ စက်ကို VolDown+Power နှိပ်ပြီး Fastboot Mode ဝင်ပါမယ်။
၈.Fastboot Mode မှာ Locked လို့ပြနေပါလိမ့်မယ်။ စိတ်မပူပါနဲ့။ ဖိုင်တွေ ထဲက FastbootImages ထဲကို adb , fastboot exe ဖိုင်လေးတွေ ကူးထည့်ပါ။ ( adb, fastboot ဖိုင်များ မပါပါ။ ကို်ယ့ဘာကိုယ် ရှာပါ။ )
၉.FastbootImages ထဲက " FlashAll-byHtooMaw.bat " ကို Run ပါ။ Command နဲ့ Flashing လုပ်နေပါလိမ့်မယ်။  ပြီးတဲ့ ထိ စောင့်ပါ။
၁၀.ပြီးသွားရင် စက်ကို ကြိုးဖြုတ်ပါ။ Battery ဖြုတ်၊ ပြန်တပ်ပါ။ VolUP+Power တခါတည်း နှိပ်ပြီး Recovery Mode ကို ဝင်ပါ။
၁၁.Factory Reset နဲ့ Wipe Cache တခါတည်း လုပ်ပေးရပါမယ်။ ပြီးရင် Reboot System ကို ရွေးပြီး Reboot ချပါ။ အားသွင်းကြိုးထိုးပြီး ထိုင်စောင့်နေလိုက်ပါ။
*** Fastboot Mode ကနေ Flashing ပြီးတဲ့အခါ စက်က Bootloader locked ပြန်ဖြစ်သွားပြီး၊ IMEI / Product name အားလုံး Fix လုပ်ပြီး တက်လာမှာပါ။ Fastboot ကနေ Reboot တန်းမကျပါဘူး။ Recovery Mode ထဲကို သွားပြီး Factory Reset ကိုယ်တိုင် Manual  လုပ်ပေးရပါမယ်။ အဲ့ဒါ လုပ်ပြီးမှ Reboot System လုပ်ရပါမယ်။ ***
အားလုံး အဆင်ပြေကြပါစေခဗျာ။
Comments
Post a Comment
Popular posts from this blog