မင်္ဂလာပါခင်ဗျာ။
ပြင်ဦးလွင်က မိတ်ဆွေများ မိုးအေးအေးနဲ့ Software နှင့် Hardware ပိုင်းတွေ ဘယ်လို တွဲဖက်အလုပ်လုပ်သလဲ ဆိုတာလေး လေ့လာလိုက်ရအောင်။ Software ပိုင်းဘယ်လို အလုပ်လုပ်သလဲဆိုတဲ့ အခြေခံလေးကိုတော့ ဒီမှာ ( http://htoomawmobileservice.blogspot.com/2017/07/mobile-software-and-hardware-software.html ) ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ကဲ Software ပိုင်းလေးကို နည်းနည်းနားလည်ပြီဆိုရင် Hardware ပိုင်းတွေနဲ့ ဘယ်လို ချိတ်ဆက်လုပ်ဆောင်သလဲ ဆိုတာလေးကို ဆက်ဖတ်လိုက်ရအောင်!!!
ပထမဆုံး ဖုန်းတွေကို ကျွန်တော်တို့ နဲ့ အနီးစပ်ဆုံး အရာတစ်ခုအဖြစ် ပြောင်းလဲ မြင်ကြည့်ရအောင်ဗျာ။ "လူ"ပေါ့။ လူတွေမှာ မှတ်သားခြင်း၊ စဉ်းစားတွက်ချက်ခြင်း၊ အဖြေထုတ်ပေးခြင်းနဲ့ ခန္ဓာကိုယ်ရဲ့ အခြားသော အစိတ်အပိုင်းတွေကို ခိုင်းစေနိုင်တဲ့ တစ်ခုတည်းသောအရာက ဦးနှောက်ဖြစ်ပါတယ်။ လူ့ ဦးနှောက်မှာတော့ အပေါ်က လုပ်ငန်းဆောင်တာတွေ အားလုံး တပြိုင်တည်းလုပ်ဆောင်နိုင်ပါတယ်။
ဒါပေမယ့် မိုဘိုင်းလ်ဖုန်းတွေ ကွန်ပြူတာတွေမှာတော့ လူ့ ဦးနှောက်ရဲ့အလုပ်လုပ်ပုံနဲ့ ပုံစံတူအလုပ်လုပ်ပေးနိင်တဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ တပ်ဆင်ထားရပါတယ်။ အဲ့အစိတ်ပိုင်းတွေထဲက အရေးအပါဆုံး ၂ မျိုးကတော့ EMMC "Embedded Multi-Media Controller"(Memory IC) နဲ့ CPU "Central Processing Unit" တို့ ပဲ ဖြစ်ပါတယ်။
လူသားဦးနှောက်မှာတော့ မှတ်ဥာဏ်နဲ့ တွက်ချက်အဖြေထုတ်ပေးခြင်းတွေကို တစ်နေရာတည်းမှာပဲ လုပ်ဆောင်ပေးနိုင်ပေးမယ့် ဖုန်းတွေ ကွန်ပြူတာတွေမှာတော့ မှတ်ဥာဏ်အဖြစ် Memory IC ကတာဝန်ယူပြီး၊ တွက်ချက်အဖြေထုတ်ပေးတဲ့ အပိုင်းကို CPU ကတာဝန်ယူထားပါတယ်။ ဒါဆို အရိုးရှင်းဆုံး နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့ လူသားဦးနှောက်မှာ တွက်ချက်အဖြထုတ်ပေးခြင်းတွေ ကောင်းမွန်မှန်ကန်စွာ လုပ်ဆောင်နိုင်ဖို့ သတင်းအရင်းအမြစ်တွေ၊ အချက်အလက်တွေ(Sources and Data) သိုမှီးရပါတယ်။ တနည်းအားဖြင့် စာသင်ရတယ်ပေါ့ဗျာ။ အဲ့ဒိ အချက်အလက်တွေ၊ သတင်းအရင်းမြစ်တွေကို ဦးနှော်က်ထဲမှာပဲ မှတ်သားပါတယ်။ လုပ်ငန်းဆောင်တာလုပ်ဆောင်စရာရှိတဲ့ အခါ ဦးနှောက်ထဲမှာ သက်ဆိုင်ရာ သတင်းအရင်းမြစ်၊ အချက်အလက်ကို ရှာဖွေပါတယ်။ ရှာတွေပြီဆိုရင် စဉ်းစားဆင်ခြင်ပါတယ်။ ပြီးရင် အမှန်အမှားအဖြေထုတ်ပါတယ်။ တခြားအစိတ်ပိုင်းတွေကို ခိုင်းစေဖို့ လိုအပ်ရင် ခိုင်းစေပါတယ်။ ဒါ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံပါ။
ဒါကို နားလည်ပြီဆိုရင် ဖုန်းတွေ၊ ကွန်ပြူတာတွေမှာရော မှန်ကန်ပြည့်စုံစွာ အလုပ်လုပ်ဆောင်နိုင်ဖို့ Data and Sources တွေလိုအပ်တယ်ဆိုတာ သဘောပေါက်လာမှာပါ။ အဲ့ဒိ Data and Sources တွေကို ဖုန်းတွေ၊ ကွန်ပြူတာတွေမှာ ထည့်သွင်းပေးတာကို ကျွန်တော်တို့ က Software တင်တယ်လို့ သုံးနှုန်းပါတယ်။ ကဲ Software ရဲ့ ဒုတိယ အဓိပ္ပာယ်ကတော့ Data and Sources ပါပဲ။ မှန်ကန်တဲ့ Data and Sources တွေဖြစ်ရပါမယ်။ အဲ့ဒိ အချက်အလက်တွေ အရင်းမြစ်တွေကို ကျွန်တော်တို့ က ဖုန်းထဲမှာရှိတဲ့ EMMC(Memory IC) ထဲမှာ ထည့်သွင်းပေးထားရပါတယ်။ ဒီ Data and Sources တွေရှိပြီဆိုမှာ ဖုန်းတစ်လုံးဟာ ကောင်းမွန်စွာအလုပ်လုပ်ဆောင်နိုင်မှာပါ။
ဖုန်း၊ကွန်ပြူတာတစ်လုံးကို အလုပ်ခိုင်းတဲ့ အခါ CPU က လူကြီးမင်းခိုင်းစေတဲ့ အလုပ်အတွက် လိုအပ်တဲ့ Data and Sources တွေကို Memory IC ထဲမှာရှာဖွေပါတယ်။ Data မရှိရင် ဘာအလုပ်မှ ပြီးမြောက်ခြင်းမရှိပါဘူး။ မှန်ကန်တဲ့ Data and Sources ရှိတယ်ဆိုရင်တော့ CPU ကတွက်ချက်ခြင်းကို လုပ်ဆောင်ပြီး နောက်ဆုံးရလာဒ် အဖြေကို ထုတ်ပေးပါတယ်။ ဥပမာ-သီချင်းဖွင့်တာ၊ ဂိမ်းဆော့တာ၊ စတဲ့ လုပ်ဆောင်ချက်တွေ အပါအ၀င် တခြားသော ဖုန်းတစ်လုံး၊ ကွန်ပြူတာတစ်လုံးကလုပ်ဆောင်နိုင်တာတွေ အားလုံးအကျုံးဝင်ပါတယ်။
ကဲ..ဒါဆိုရင် Software ဆိုတဲ့ အချက်အလက်၊သတင်းရင်းမြစ် မရှိပဲ Hardware ဆိုတဲ့ စက်ပစ္စည်းကြီး ဘာအလုပ်မှ မလုပ်ဆောင်နိုင်တာကို သတိထားမိကြမျာပါ။ အပြန်အလှန်အားဖြင့် Hardware အစိတ်အပိုင်းတွေ ပြည့်စုံစွာတပ်ဆင်မထားလျှင်လည်း Software ဆိုတာကြီးက ဘာမှလုပ်ပေးလို့ မရနိုင်ကြောင်းပါ။
ဒီလို Software နှင့် Hardware တွဲဖက်အလုပ်လုပ်နေပုံလေးကို မြင်ယောင်နားလည်နိုင်မယ်ဆို ဖုန်းတွေ၊ ကွန်ပြူတာတွေရဲ့ အသေစိတ်အလုပ်လုပ်ပုံတွေကို ထပ်ဆင့်လေ့လာဖို့ မခဲယဉ်းတော့ပါဘူးနော်။
မှတ်ချက်၊ ၊ကွန်ပြူတာတွေမှာတော့ Data and Sources တွေကို မှတ်သားထိန်းသိမ်းထားတဲ့ အရာကို Hard Disk Drive(HDD) လို့ခေါ်ပါတယ်။ ဖုန်းတွေမှာရှိတဲ့ Memory IC(EMMC)နဲ့ သဘောတရားတူတူပါပဲခင်ဗျ။
================================================
Mobile Phone Software Service အတွက် သင်တန်းလဲ ရှီပါတယ်။ ပြင်ဦးလွင်မြို့ နှင့် အနီးတ၀ိုက်က Service သမားများအတွက် လိုအပ်သော Firmware များ Download ဆွဲပေးပါသည်။ Dead Fix Firmware များ၊ Board Firmware များ၊ Samsung, Oppo, Vivo, Xiaomi, စသော Branded Android Phone များနှင့် Apple Products များဖြစ်သော iPhone, iPod Touch, iPad, စသော စက်ပစ္စည်းများအတွက်လဲ Firmware တင်ပေးခြင်း၊ Root ဖောက်ပေးခြင်း၊ Jailbreakပြုလုပ်ပေးခြင်း၊ Network Unlock လုပ်ပေးခြင်း၊ နှင့် အခြား Software Error များလည်းဖြေရှင်းပေးနေပါသည်။
#HtooMawMobileSoftwareServiceAndTraining
#PyinOoLwin
Contact - 0943044908

Comments

Popular posts from this blog