Unpack,Edit,Repack and Flashing SPD android system.img without root!

Unpack,Edit,Repack and Flashing SPD android system.img without root!

SPD cpu သုံးဖုန်းတွေအတွက် firmware backup လုပ်, ရလာတဲ့ firmware ထဲက system.img ကိုပြင်, ပြီးရင် PAC firmware ပြန်ပြောင်းပြီး ပြန် flashing ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးပါ။

၁.ပထမဆုံး Firmware Backup လုပ်ဖို့ လိုပါတယ်။ SPD တွေအတွက် အလွယ်ဆုံးကတော့ CM2 Dongle နဲ့ backup လုပ်ခြင်းပါ။ CM2 dongle မရှိတဲ့သူတွေကတော့ crack version ရှာသုံးကြပါလို့ .. တခြား backup နည်းလမ်းတွေလဲ ရှိပါတယ်။ သင့်တော်သလို သုံးနိုင်ပါတယ်။ အဓိက က ဖုန်းနဲ့ သက်ဆိုင်ရာ PAC firmware ရဖို့ ပါပဲ။

၂.PAC firmware ရပြီဆိုရင် အောက်ကပေးထားတဲ့ ဖိုင်လေးကို ဒေါင်းပါ။ PAC firmware Unpacker လေးပါ။
Download PAC firmware Unpacker - http://gsurl.in/5sdT

၃.ပြီးရင် ဖိုင်လေးကို ဖြည်ချပါ။ Pac file Unpacker.exe ဖိုင်လေးတွေ့ ရပါမယ်။ Desktop ပေါ်တင်ထားလိုက်ပါ။

၎.ပြီးရင် Pac fle Unpacker.exe ကို run ပါ။ FileName နေရာမှာ backup ထုတ်ထားတဲ့ PAC file ဒါမှမဟုတ် download လုပ်ထားတဲ့ PAC file ကိုရွေးပေးပါ။ ပြီးလျှင် Unpack!!! ခလုပ်ကိုနှိပ်ပါ။ Unpack Finished  ဆိုတဲ့ စာလေးပေါ်လာရင်  firmware နဲ့ နာမည်တူ folder  အသစ်တစ်ခုပေါ်လာပါလိမ့်မယ်။ အောက်ကပုံမှာ ပြထားပါတယ်။ folder ထဲမှာတော့ firmware ထဲက partition files တွေရှိနေပါမယ်။

မှတ်ချက်။ ။ကျွန်တော်ကတော့ INTEX_Aqua_Life_2 ဖုန်းကို CM2 dongle နဲ့ ယူထားတဲ့ backup PAC firmware ကိုဥပမာသုံးပြထားပါတယ်။
၅.ပြီးရင်တော့ ခွဲချထားတဲ့ဖိုင်တွေကို တချက်ကြည့်ပေးပါ။ တစ်ချို့ firmware တွေမှာတော့ .img နဲ့ ပြပေးသော်လည်း တစ်ချိ့ သော firmware တွေမှာတော့ partition files တွေနောက်မှာ block size (bs=xxxx) ဆိုတာမျိုးတွေ ပါနေပါလိမ့်မယ်။ အဲ့လို ပါနေတဲ့ ဖိုင်တွေကို rename လုပ်ပါ။ ဥပမာ။ ။"system.img bs=1024" ကို "system.img" လို့ပြောင်းပါ။ အဓိက လိုအပ်တာ boot နဲ့ system ဖြစ်တာမို့ အဲ့ ၂ခုပဲပြောင်းရင် ရပါပြီ။

၆.boot.img နဲ့ system.img ရပြီဆိုရင် boot.img ကို unpack လုပ်ခြင်း၊ system.img ကို unpack လုပ်ခြင်း၊ system ကိုပြုပြင်ခြင်း၊ ဇော်ဂျီဖောင့်ထည့်သွင်းခြင်း၊ ပြန် re-pack ပြုလုပ်ခြင်း တို့ အတွက် အောက်ပါ link မှာ အသေးစိတ်တစ်ဆင့်ခြင်း ဖတ်ရှုနိုင်ပါတယ်။
*** http://gsurl.in/5se2 ***

၇.ဒါဆို ကိုယ်တိုင် ပြုပြင်ထားတဲ့ system.img ဖိုင်လေးရလာပါပြီ။..ဒီဖိုင်ကို PAC firmware အဖြစ်ပြန်ပြောင်းဖို့ လိုပါတယ်။ အောက်မှာ ဆက်ကြည့်လိုက်ရအောင်!!

၈.ပထမဆုံး ResearchDownloader ကို ဒေါင်းလုဒ်ဆွဲပါ။ 
Download ResearchDownloader - http://gsurl.in/5se9

၉.ဒေါင်းပြီးရင် ဖြည်ချပြီး ResearchDownload.exe ကို Run ပါ။ ပြီးရင် အောက်ပုံမှာပြထားတဲ့ Settings ထဲကိုဝင်ပါ။
၁၀.Settings Box အသစ်တစ်ခုပွင့်လာပါလိမ့်မယ်။ အဲထဲမှာ PAC အဖြစ် ပြန်ပေါင်းထုတ်ပေးရမယ့် ဖိုင်တွေ ထည့်ပေးရပါမယ်။ လိုအပ်တဲ့ ဖိုင်တွေကို အောက်မှာ ရေးပြထားပါတယ်။
1.system.img ( ဒါကျွန်တော်တို့ ပြုပြင်ထားတဲ့ system.img ဖိုင်ကိုပြောတာပါ။)
2.fdl1 and fdl2 ( ဒါက ကျွန်တော်တို့ ခွဲထုတ်ထားတဲ့ firmware folder ထဲမှာရှိပါလိမ့်မယ်။ နာမည်ပြောင်းဖို့ လိုကောင်းလိုအပ်ပါလိမ့်မယ်။)
3.SCxxx.xml (.xml နဲ့ ကိုယ့်ဖုန်းရဲ့ သက်ဆိုင်ရာ cpu နံပတ်နဲ့ ဖိုင်လေးလိုပါတယ်။ ခွဲထုတ်ထားတဲ့ firmware folder အောက်မှာရှာကြည့်နိုင်ပါတယ်။)
မရှင်းရင် အောက်က ပုံကိုကြည့်ပါ။ ဒီဖိုင်တွေ အတူရှိရပါမယ်။
၁၁.ဒါဆို အစောကဖွင့်ထားတဲ့ ResearchDownload Tool ရဲ့ settings ထဲမှာဖိုင်တွေ ကို သူ့ နေရာနှင့်သူ ထည့်ပါမယ်။ ပထမဆုံး FDL1 နေရာမှာ ညာဘက်ကပ်ရက်အကွက်ကို Double Left-Click သို့ မဟုတ် Right-Click တစ်ချက် နှိပ်ပါ။ Box ပုံစံလေးဖြစ်သွားရင် အစောက ဖိုင် ၄ ခုထဲက fdl1 ပါတဲ့ဖိုင်ကို ရွေးပါ။ နောက်ထပ် ဖိုင်တွေကိုလဲ ယခုနည်းလမ်းအတိုင်း သူ့ နေရာနှင့်သူ ထည့်ပါ။ အောက်ကနမူနာပုံကို ကြည့်ပါ။
စုစုပေါင်း ဖိုင် ၃ခုကို ထည့်ရပါမယ်။ FDL1, FDL2, system.img ပါ။ ဒီလိုထည့်ပြီးရင် Tool ရဲ့ ညာဘက်အပေါ်နားမှာ "Select Product" ဆိုတာလေးရှိပါတယ်။ သူ့ ဘေးက drop-down menu လေးကိုနှိပ်ပြီး ကိုယ့်ဖုန်းနဲ့ သက်ဆိုင်ရာ CPU နံပတ်ကိုရွေးပေးပါ။ နံပတ်ကို အစောက .xml ဖိုင်လေးမှာရေးထားတတ်ပါတယ်။ ကျွန်တော့်ဖိုင်မှာတော့ SC77xx လို့ ပဲပါပါတယ်။ အောက်ကပုံကိုကြည့်ပါ။ ဒါ့ကြောင့်ကျွန်တော် SC77xx ကိုရွေးပေးပါတယ်။ အဓိကက သက်ဆိုင်ရာ CPU နံပတ်တူတာလေး ရွေးပေးနိုင်ဖို့ ပါ။ CPU နံပတ်မှားရွေးမိရင် အစောက ထည့်ထားတဲ့ ဖိုင်တွေ ပြန်ထည့်ပေးရပါမယ်။
မှတ်ချက်။     ။တကယ်လို့ ကိုယ့်ဖုန်းရဲ့ CPU နံပတ် မပါခဲ့ရင် Tool ကို ပိတ်လိုက်ပါ။ ပြီးရင် အစောက firmware ထဲကခွဲချပြီး ရလာတဲ့ .xml ဖိုင်ကို ResearchDownload Tool folder ထဲမှာ ထည့်ပေးပါ။ ပြီးရင် Tool ပြန်ဖွင့်ပြီး အဆင့်တွေ ပြန်လုပ်ပါ။
၁၂.ဖိုင်တွေ သူ့ နေရာနှင့်သူ သေချာရွေးပြီးပြီဆိုရငတော့ Tool ရဲ့ ညာဘက်အောက်ဒေါင့်က Packet ဆိုတာလေး နှိပ်ပါ။ ပထမတစ်ခေါက် Yes / No မေးပါလိမ့်မယ်။ Yes နှိပ်ပါ။ ဒုတိယ တစ်ခုမှာလဲ Yes ပဲထပ်နှိပ်ပါ။ အောက်က ပုံ ၂ခုကို ကြည့်ပါ။
၁၃.ဒါဆို နောက်တစ်ဆင့်မှာ Product Name , Product Alias; Product Version, Saving Path အစရှီတဲ့ Box လေးကျလာပါမယ်။ Product Name နဲ့ Product Alias; မှာတော့ ကိုယ့်ဖုန်းရဲ့ CPU နံပတ်လေးတွေ ဖြည့်ပြီးဖြစ်နေပါလိမ့်မယ်။ Product  Version မှာတော့ ကိုယ့်စိတ်ကြိုက် နာမည် နှင့် Version တစ်ခုထည့်ပါ။ ကျွန်တော်ကတော့ အောက်ကပုံလို ထည့်ထားပါတယ်။ Saving Path မှာ PAC file ကိုသိမ်းဆည်းမယ့် ဖိုင်လမ်းကြောင်းရွေးထားပေးပါ။ ပြိးရင် OK နှိပ်ပါ။


၁၄.ပြီးလျှင် ခဏစောင့်ရပါမယ်။ ကိုယ့်ဖုန်းရဲ့ partitions size တွေအပေါ် မူတည်ပြီး ကြာနိုင်ပါတယ်။ အောက်ကပုံလို Packeting Complete! ပြရင်တော့ ရပါပြီဗျာ။
ခုဆိုရင် ကိုယ်တိုင်ပြုပြင်ထားတဲ့ system ကို PAC firmware အဖြစ်ပြန် flashing လုပ်လို့ ရပါပြီ။ PAC file အသစ်ကို တော့ Packet Setting မှာထားခဲ့တဲ့ folder ထဲမှာ ရယူနိုင်ပါတယ်။

 ဒါဆို အားလုံး နားလည်သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်ခဗျား..။


****I'M NOT RESPONSIBLE FOR WHAT YOU HAVE DONE****

Comments

Popular posts from this blog