Xiaomi MTK Devices MIUI 9 (China) Bypass Account and Disable Account Services Method!!

မင်္ဂလာပါခဗျာ။

 ပထမဦးစွာ မိုဘိုင်းဆရာအပေါင်း သူတော်ကောင်းများအားလုံးကို ဂါရ၀ပြုပါသည်။ :D


Xiaomi Account နဲ့ ပတ်သက်ပြီး Xiaomi MTK ဖုန်းတွေမှာ အကောင့်ကျော်နည်း၊ အကောင့် Disable Firmware လုပ်နည်း၊ အဲ့ဒိ Firmware ကို အသုံးချနည်းတွေ ပြောပြပေးသွားမှာပါ။

အဓိက လိုတာက MIUI 9 China Firmware တွေမှာပဲ ဒီလို လုပ်လို့ ရပါတယ်။ တခြား Global နဲ့ MIUI 8 တို့ မှာ ပြသနာ အနည်းငယ် ရှိတတ်ပါတယ်။

တော်တော်များများကတော့ အကောင့်အရှင်းဖြုတ်ဖို့ အတွက် အကောင့်ဒေတာတွေကို Backup ယူထားတယ်။ အကောင့်လော့ကျတဲ့ စက်ကို Bypass လုပ်ပြီးကျော်တယ် ( MTK ဆို Protect2 ကို format ရိုက်တယ်။ QC ဆို persist ကိုဖျက်တယ်။) ပြီးရင် အကောင့်ဒေတာ Backup ဖိုင်ကို Restore လုပ်တယ်။ အင်တာနက်ဖွင့်ပြီး Find Device ဖွင့်တယ်။ တခြားစက်တစ်လုံးကနေ Find Device ရှာတယ်။ တွေ့ ရင် Find Device Disable လုပ်တယ်။ အဲ့ဒိနည်းလမ်းအပြင် တခြားနည်းတွေ လဲ ရှိပါသေးတယ်။ QC တွေမှာ ဒီနည်းလမ်းအသုံးများတယ်။ :P

ခုပြောပြမှာကတော့ MTK တွေအတွက် အသေစိတ်ပြောပြသွားမှာပါ။ ပြုလုပ်ပုံ အဆင့်ဆင့်ကို သေချာလိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။

လိုအပ်ချက်ကတော့ MIUI 9 China Fastboot Firmware တွေပါပဲ။ လိုတာတွေ ဒေါင်းလုဒ်ဆွဲဖို့ လင့်တွေ ပေးထားပါတယ်။
1. MIUI Fastboot Firmware Download - HERE
2.HxD Editor Download Here - HERE
3.ကိုယ်လုပ်မယ့်ဖုန်းကို သက်ဆိုင်ရာ Firmware တင်နိုင်ရပါမယ်။ MTK ဆိုတော့ SP flash Tool ကောင်းကောင်းသုံးတတ်ရပါမယ်။

မှတ်ချက်၊ ၊ MTK ဖုန်းတွေအကြောင်း၊ SP flash tool သုံးနည်း၊ Firmware တင်နည်းတွေကို ပြောမှာ မဟုတ်တဲ့ အတွက် ကိုယ်တင်မယ့်ဖုန်းအတွက် လိုအပ်တဲ့ Knowledge ကို ကိုယ့်ဘာကိုယ်ရှာဖွေဖတ်ရှုတတ်ဖို့ လိုပါမယ်။

အားလုံးစုံပြီဆို တစ်ဆင့်ခြင်း လုပ်ကြည့်ရအောင်ဗျာ။ မလုပ်ခင်အရင် နားလည်အောင် အဆင့်ဆင့် သေချာ ဖတ်ပါ။ နားလည်ပြီဆိုမှ လက်တွေ့ တစ်ဆင့်ချင်းသေချာလုပ်ပါခဗျာ။

WARNING!!! မှားယွင်းလုပ်ဆောင်မှုကြောင့် ဖြစ်လာသော ပျက်ဆီးဆုံးရှုံးမှုများအတွက် တာဝန်မယူပါ။ ကိုယ်ဖြစ်ကိုယ်ခံပါ။ :P


၁.ပထမဆုံး အကောင့်လော့ကျနေတဲ့ ဖုန်းကို အဲ့ဒိ လော့ကျနေတဲ့ အနေထားကနေ ကျော်ပြီး Home Screen UI ထိရောက်အောင်သွားပါမယ်။ တကယ်လို့ ဖုန်းက MIUI 9 China မဟုတ်ဘူးဆိုရင်တော့ MIUI 9 China Firmware တင်ထားရပါမယ်။ ( တင်နည်းမပြောပါဘူးခဗျာ။ ကျော်သွားပါမယ်။ ) :P

၂.Firmware တင်ပြီး၍သော်လည်းကောင်း၊ Factory Reset ချမိ၍သော်လည်းကောင်း၊ အကောင့်လော့ကျနေတဲ့ ဖုန်းတွေမှာ အကောင့်တောင်းနေတဲ့ Lock Screen ကိုမြင်ရမှာပါ။ အဲ့အနေထားကို ကျော်ဖို့ အတွက် ဒီလင့်( Bypass MTK Account Video ) က Video ဖိုင်နဲ့ ကျော်နည်းအဆင့်ဆင့်ကို ကြည့်ပြီးလုပ်ပါခဗျာ။

၃.ဒါဆို လော့ကျနေတဲ့ အနေထားကနေ ကျော်ပြီး Home Screen UI ထိရောက်သွားပါပြီ။ SIM card နှင့် အင်တာနက်၊ ၀ိုင်ဖိုင်မဖွင့်ပါနဲ့ ဦး။ ဒီအနေထားအတိုင်း ခဏထားခဲ့ပါမယ်။

၎.Account Disable System.img လုပ်ဖို့ လိုပါတယ်။ ဖုန်းမှာတင်ထားတဲ့ firmware ဖိုင်ကိုပဲ Account Services တွေကို ဖျက်ထုတ်ပြစ်မှာဖြစ်ပါတယ်။ ပြီးရင် ပြုပြင်ထားတဲ့ဖိုင်ကို ဖုန်းမှာ ပြန်တင်ပေးမှာဖြစ်ပါတယ်။

၅.Account Disable System.img လုပ်ဖို့ အတွက် အရင်ဆုံး Hex Editor ကိုဖွင့်ပါမယ်။ Firmware ဖိုင်ထဲက system.img ကို HxD ထဲထည့်ပြီးဖွင့်ပါမယ်။ ပြီးရင် HxD ရဲ့အေပ်ါက Search ကို နှိပ်ပြီး FindDevice.odex(၁ကြိမ်)၊ CloudService.odex(၁ကြိမ်)၊ CloudService.apk(၃ကြိမ်) ရှာမယ်။ တစ်ခုရှာတိုင်း တစ်ခါ Select မှတ် RightClick ထောက်ပြီး Fill Selection နဲ့  Hex တန်ဖိုးတွေကို 00 အစားထိုးပါမယ်။ မလုပ်တတ်ရင် ဒီ Video ဖိုင်မှာ ကြည့်နိုင်ပါတယ်။ ဒေါင်းလုဒ်လဲဆွဲထားနိုင်ပါတယ်။

၆.Account Disable System.img ဖိုင်ရရင် SP flash Tool မှာ တခြား partitions တွေအကုန်အမှန်ခြစ်ဖြုတ်ပါ။ *** အရေးကြီးပါတယ်။ Firmware အစ-အဆုံးမတင်ပါဘူး။ တခြားဖိုင်တွေအားလုံး အမှန်ခြစ်ဖြုတ်ပါမယ်။ system.img တစ်ဖိုင်တည်းသာတင်ရမှာပါခဗျာ။ ***

၇.ကဲ ဒီအဆင့် ပြီးသွားရင် အင်တာနက်ဖွင့်တာ ၀ိုင်ဖိုင်ချိတ်တာတွေ မလုပ်ပါသေးနဲ့ ဦး။ အရင်ဆုံး Settings > Mi Account ကို နှိပ်ကြည့်ပါ။ ၀င်လို့ မရပဲ ဖြစ်နေပါလိမ့်မယ်။ ဒါဆို အောင်ပါပြီခဗျာ။ အင်တာနက်ချိတ်၊ ၀ိုင်ဖိုင်သုံးလို့ ရပါပြီ။ အကောင့်လော့ကျတော့မှာ မဟုတ်ပါဘူးခဗျာ။

အားလုံပဲ အဆင်ပြေကြပါစေခဗျာ။

Comments

Post a Comment

Popular posts from this blog