Mobile Phone Service သမားများအတွက် Windows 10 မှာ Driver Signature Enforcement ကို Permanent(ထာဝရ) Disable(ပိတ်) လုပ်နည်း

မင်္ဂလာပါခဗျာ။

မိုဘိုင်း ဆားဗစ်သမားတွေ နောက်ပိုင်း windows 10 တွေမှာ Phone Driver သွင်းတာ အဆင်မပြေဖြစ်ခြင်း၊ Flash Tools များမှ Driver မသိခြင်း၊ Device Manager မှာ Driver ပြသော်လည်း Driver အမှန်မ၀င်ခြင်း၊ စတာတွေ ခဏခဏကြုံရပါတယ်။ ဒါဟာ windows 10 မှာ ပါဝင်လာတဲ့ Microsoft မှ တရားဝင် အသိမှတ်ပြုထုတ်လုပ်သော၊ Microsoft Server မှ ဒေါင်းလုဒ်လုပ်ထားခြင်း မရှိသော ပြင်ပ Driver များသွင်းခြင်းကို စစ်ဆေးတဲ့ Integrity Check ဆိုတဲ့ Function တစ်ခုကြောင့်ဖြစ်ပါတယ်။

အဲ့တော့ တော်တော်များများက Driver Signature Enforcement ကို Settings>Update & Recovery>Advanced Start Up ကနေ ပိတ်ကြတာများပါတယ်။ ဒါပေမယ့် တစ်ခါ Computer ကို Restart ချတိုင်း တစ်ခါ ဒါကို လုပ်ပေးရပါတယ်။ မဟုတ်ရင် Mobile Phone Drivers တွေ၊ CPU Drivers တွေ windows 10 မှာ သွင်းရ အဆင်မပြေဖြစ်ကြပါတယ်။

ခုနည်းလမ်းကတော့ တစ်ခါတည်းနဲ့ Driver Signature Enforcement ကို ပိတ်ပစ်လိုက်တဲ့နည်းပါပဲ။ အပေါ်ကပြောခဲ့တဲ့ Integrity Check ဆိုတဲ့ Funtion လေးကို ပိတ်ပြစ်လိုက်တာပါ။

Reboot ဘယ်နှစ်ခါချချ Driver Signature Enforcement ကို Disable လုပ်နေစရာမလိုတော့ပါဘူးခဗျာ။

လုပ်နည်းကတော့ ..

၁.Command Window ကို Run As Admin နဲ့ ဖွင့်ပါ။
၂.အောက်က cmd ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။

bcdedit.exe /set nointegritychecks on

၃.ကွန်ပြူတာကို Restart တစ်ခေါက်ချပေးပါ။

ပြန်တက်လာရင် Drivers တွေအားလုံး အဆင်ပြေပြေသွင်းလို့ ရပါလိမ့်မယ်။ နောက်တစ်ခါ ပြန်ပိတ်ချင်ရင်တော့ အောက်က cmd ကိုရိုက်ထည့်ပြီး Restart လုပ်ပါ။

bcdedit.exe /set nointegritychecks off

အဆင်ပြေကြပါစေခဗျာ။



Post Credit > https://winaero.com

Comments

Popular posts from this blog